ဗန်းမော် ဇွန် ၁၁
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစားရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၅)ဆက်သွယ်ရေးတပ်ရင်းရှိ ကောင်းတုံခန်းမသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် အမှတ်(၅)ဆက်သွယ်ရေးတပ်ရင်းမှ အိမ်ထောင်စု လူဦးရေ စာရင်းပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လှဲလှယ်ခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်။
ဗန်းမော်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးသည် ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေးရေးလုပ်ငန်းကို "ပန်းခင်း" စီမံချက်ဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့တွင်စတင်၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ဇွန်လ ၁၀ ရက်နေ့အထိ အသက်(၁၀)နှစ်ပြည့် ပြည်သူအား နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပြီးသူ (၃၀)ဦး၊ အသက် (၁၈)နှစ်ပြည့်သူနှင့် (၁၈)နှစ်အထက်ရှိသူ နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးသူ(၄၂)ဦး၊ အိမ်ထောင်စုလူဦးရေ စာရင်း(၁၉)စု ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက် နှင့်ကျေးရွာနေ ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)