တံတားဦး၊ ဇွန် ၁၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ် ၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဝန်ထမ်းမိသားစုများ၏ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ် ၊ ကောလိပ်အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင်သား ၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကေသီရွှေက မိသားစုစည်းရုံးရေးနှင့်စည်းကမ်း ထိန်းသိမ်းရေး အကြောင်းကိုရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/ သူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များကို အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်း အဆင့်ကျောင်းသား/သူ(၇)ဦးအားတစ်ဦးလျှင်ထောက်ပံ့ငွေကျပ်(၁၀၀၀၀) နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၃)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၇၅၀၀)နှင့် ဗလာစာအုပ်တစ်ဒါဇင် ၊ မူလတန်းအဆင့် ကျောင်းသား/သူ(၁၆)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀)နှင့် ဗလာစာအုပ်တစ်ဒါဇင် စုစုပေါင်း ကျောင်းသား/သူ (၃၆)ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း(၂၄၇၅၀၀)ကျပ်နှင့် ဗလာစာအုပ်(၃၆)ဒါဇင်တို့အား ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရဲတင့်(တံတားဦး)