ကျောင်းကုန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲ ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းရွှေ မှ ကလေး သူငယ်များဆိုင်ရာ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦး မှ ကလေးသူငယ်များနှင့်ပတ် သက်၍ အခွင့်အရေးများအား ရှင်းလင်းပြောကြားပြီး၊ ဒုတိယမြို့နယ် ဥပဒေအရာရှိဦးသိန်းစိုး က အရေးယူခြင်းနှင့် ကင်းလွတ်ခွင့်၊ ပြစ်မှုနှင့်ပြစ်ဒဏ်တို့ ရှင်းလင်းပြော ကြား ခဲ့သည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေး များနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ပြီး၊ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်း က နိဂုံးချုပ်အနေဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက် မှု ကို ထိခိုက်စေနိုင်သည့် ကျား/မ ဆင်းရဲချမ်းသာ၊ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း / မပြည့်စုံ ခြင်း၊ ကိုးကွယ်သည့်ဘာသာ မိဘအသိုင်းအဝိုင်းများကြောင့် ခွဲခြားဆက်ဆံခြင်း၊ ကလေးများကို ပြုစုစောင့်ရှောက် သူများက လျစ်လျှူရှုခြင်း၊ အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်း၊ ပညာသင်ခွင့်မရှိခြင်း၊ ကလေးများကို စစ်ပွဲများတွင် အသုံးချခြင်းလိင်ပိုင်း ဆိုင်ရာအသုံးချခြင်း စသည်တို့မဖြစ်ရအောင် ကာကွယ်ကြရမည်ဟု ပြောကြားသွားခဲ့ ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)