သတင်းများ

မိုင်းကိုင်မြို့နယ် ၊ ဖာခေါင်ကျေးရွာမှ မြေပြိုမှုကြောင့်နေအိမ်ပြိုကျခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်
Sep 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ် ၊ ဖာခေါင်ကျေးရွာ တွင် စက်တင်ဘာလ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့၍ နေအိမ်တစ်လုံးပြိုကျခဲ့ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်နှင့် ဝန်ထမ်းများက စက်တင်ဘာလ ၁၄ ရက်နေ့တွင် မိုင်းကိုင်မြို့နယ်သို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့၌ နှာခေါင်းစည်း (Mask)များဖြန့်ဝေ အသိပညာပေး
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်စေရန် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ တောင်ကြီးမြို့ လူစည်ကားသောနေရာ ဖြစ်သည့် မြို့မဈေးကြီးဝန်းကျင်တွင် ယမန်နေ့ မွန်းလွဲပိုင်း က (Mask)မတပ်သူများအား နှာခေါင်းစည်း (Mask) များဖြန့်ဝေကာ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရွှေညောင်-ကလော-သာစည်-အစုန် ၊ အဆန် မီးရထားခရီးစဉ်များ ပြေးဆွဲမှု ယာယီရပ်ဆိုင်း
Sep 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ ကလောမြို့နယ်တွင် ရွှေညောင်-ကလော-သာစည် - အစုန် ၊ အဆန် မီးရထား ခရီးစဉ်များကို စက်တင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းမှ စတင်၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားကြောင်း သိရှိရသည်။
တွန်းဇံမြို့၌ လူကုန်ကူမှုသိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Sep 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူကုန်ကူမှု သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်တွင်၌ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအား နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင်ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့်ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရန် လမ်းထွက်သွားလာနေကြသူ များနှင့် စျေးရောင်းစျေးဝယ်ပြည်သူများ အားလုံး နှာခေါင်း စည်း (Mask)တပ်ဆင်ရေးအသိပညာပေးလှုပ် ရှားဆောင်ရွက်မှုကို ယနေ့ နံနက်၇နာရီ ကဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မေတ္တာမြို့၌စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအားကိုဗစ်− ၁၉ ကာလအတွင်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိရှောင်တခင်စစ်ဆေး
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊မေတ္တာမြို့၌စားသောက်ဆိုင်များ နှင့်လက်ဘက်ရည် ဆိုင်များအားကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိကို ယနေ့ နံနက်(၁၁)နာရီအချိန် ကရှောင်တခင်စစ်ဆေးခဲ့ကြသည်။
မေတ္တာမြို့ ၌လမ်းသွားသူပြည်သူများအားနှာခေါင်စည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ တွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်ဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉နာရီက ထားဝယ်-မေတ္တာကားလမ်းတောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင် ကျေးရွာတို့တွင် ခရီးသွား ပြည်သူ များ နှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ /မရှိ ရှောင်းတခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မေတ္တာမြို့၌ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လမ်းသွားသူပြည်သူများနှာခေါင်စည်း(Mask) တပ်ဆင်ရေးအသိပညာပေးလှုပ်ရှားမှုကမ်ပိန်းဆောင်ရွက်
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်မေတ္တာပန်းခင်း ပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကိုဗစ် −၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့်ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရန် လမ်းထွက်သွား လာနေကြသူများအား နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေး ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကိုယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြသည်။