နမ့်စန်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်

နမ့်စန်(တ) ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဇွန်လ ၈ ရက်နေ့တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ အမှတ်(၁) ရပ်ကွက်နေ ဦးကျော်ကျော်အောင် မိသားစုအတွက် ထောက်ပံ့ငွေ ၃ သိန်းကျပ် နှင့် ဇွန်လ ၅ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နမ့်လစ်ကျေးရွာအုပ်စု၊ ပုတ်ပျံ ကျေးရွာရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၁၁ လုံး အတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁,၀၆၅,၆၀၀ ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် လွိုင်လင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင် တို့က ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)