အစိုးရပါဠိပထမပြန်စာဖြေသံဃာတော်များအား ဌာနဆိုင်ရာများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

လွိုင်လင်    ဇွန်     ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်တွင် (၁၇)ကြိမ်မြောက် အစိုးရ ပါဠိပထမပြန် စာဖြေပွဲကို ဇွန်လ (၇)ရက်နေ့မွန်းတည့် (၁၂)နာရီက စတင်ကျင်းပကြောင်း သိရသည်။

 လွိုင်လင်မြို့ အစိုးရပါဠိပထမပြန်စာဖြေပွဲကို ယနေ့တွင် ပဉ္စမနေ့အဖြစ် ဆက်လက်ကျင်းပရာ ပထမ ကြီးတန်းတွင် (၁၂)ပါး၊ ပထမလတ်တန်းတွင် (၁၁)ပါး၊ ပထမငယ်တန်းတွင် (၂၃)ပါး၊ အခြေပြုမူလတန်း တွင် (၈၀)ပါး  စုစုပေါင်း (၁၂၆)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ ကြီးကြပ် ဆရာတော်များအဖြစ် နာယကဆရာတော်  နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ ( ဓာတ် တော်ကျောင်းတိုက်၊ လွိုင်လင်မြို့)၊ ဘဒ္ဒန္တ ဝိမလမဉ္ဇူ (မင်္ဂလာ အနောက် ကျောင်းတိုက် ၊လွိုင်လင်မြို့) ၊ ထပ်ဆင့်ကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဝင်ဆရာတော် (၁၉)ပါးတို့ဖြင့် ကျင်းပလျက် ရှိကြောင်းသိရသည်။ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား ယနေ့တွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ နေ့ဆွမ်း၊ ခဲဘွယ်များကို ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

 အဆိုပါ (၁၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို ဇွန် ()ရက်မှ ဇွန်(၁၃)ရက်နေ့အထိ ကျင်းပ သွားမည် ဖြစ်ကြောင်းမြို့နယ်သာသနာရေးဦးစီးဌာနမှူးထံမှသိရသည်။

                                                                    

မိုးလွင်ဦး(လွိုင်လင်)