မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများဖွင့်လှစ်မှု လှည့်လည်ကြည့်ရှုစစ်ဆေး

 

 

တောင်တွင်းကြီး ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှု အားပေးသည်။

ထိုသို့ လှည့်လည်ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူရှိုန်းနှင့်အဖွဲ့ဝင်များ က မြို့မ (အ.လ.က) ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ အထောက်အကူပြုအဖွဲ့ဝင်များ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံကာ ကျောင်းအပ်နှံ ထားရှိမှုများ၊ ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း အခြေခံပညာကို သင်ယူနိုင်ရေး ကိုဗစ်_၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျောင်းဖွင့်ကာလအတွင်း အဆင်မပြေမှုများ၊ အခက်အခဲများကြုံတွေ့ရပါက ချက်ချင်းသတင်းပို့ရန်နှင့် အမြန်‌ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်း၊ အ.ထ.က(ခွဲ)(၁၅) ကျောင်း၊ အ.လ.က (၂၆) ကျောင်း၊ အ.လ.က(ခွဲ)(၃၃)ကျောင်း၊ မူလွန်(၄၃)ကျောင်း၊ အ.မ.က(၁၁၀)ကျောင်း၊ အ.မ.က(ခွဲ)(၁၃) ကျောင်း စုစုပေါင်း (၂၅၃) ကျောင်းတို့မှ မူလတန်းအဆင့် (၁၅၄၆၈ဦး၊ အလယ်တန်းအဆင့် (၇၄၉၃)ဦး၊ အထက်တန်းအဆင့် (၁၂၅၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၄၂၁၈)ဦးတို့ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

နိုင်ဝင်း