သတင်းများ

မအူပင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကိုဌာနဆိုင်ရာ ကော်မတီဝင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jun 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ  ဘိုးဘွားများအား ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နော်သာဝါးနှင့် ဝန်ထမ်းများကအမှတ် (၂) ရပ်ကွက်နှင့် ပုသိမ်မြို့ပေါ်ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၁-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 12,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ကြီးကြပ်ဦးဆောင်မှု ဖြင့် ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနမှ ဆောင်ရွက်သည့် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့ လီဆူ စာပေနှင့် ယဉ်ကျေးမှုခြံဝင်း၌ ကျင်းပသည်။
ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်
Jun 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ  ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက အမှတ် (၂) ရပ်ကွက်၌  ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များသို့ တက်ရောက်၍ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပေး
Jun 12,2021
ကချင်ပြည်နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို မြစ်ကြီးနားမြို့၊ တက္ကသိုလ်ဝင်း အတွင်းနှင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရဟန္တာ တစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ တော် ပရဝဏ်အတွင်းတို့၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရေနံချောင်းမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း ၅၂၀၀၀ ကျော် ဖြန့်ဝေ စိုက်ပျိုးသွားမည်
Jun 12,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် ရေနံချောင်းမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး အတွက် ဒေသနှင့် ကိုက်ညီမည့် ပျိုးပင်ပေါင်း ၅၂၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 12,2021
၂၀၂၁ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ မြို့မအားကစား ကွင်း၌ ယနေ့ နံနက်ပိုင်းက ပိုင်းကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များအား ပူဇော်သည့်စူဠ ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင် တော်မူကြသော စာအောင်သံဃာတော် များအား ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မရပ်ကွက်၊ ရွှေဂူကြီးဘုရား နဂါးနီသာသနဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ သည်။