မုဒုံမြို့နယ် ကမာဝက်မြို့၌ ငါးရံ့မင်းကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ       ဇွန်       ၁၁

မွန်ပြည်နယ်မုဒုံမြို့နယ် ကမာဝက်မြို့တွင် ငါးသယံဇာတတိုးပွားရေးနှင့်ဒေသတွင်း ငါးရိက္ခာဖူလုံ စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ကမာဝက်မြို့ ငါးရံ့မင်းကန်အတွင်းသို့ ငါးသားဖောက်ကောင်ရေ (၂၀၀၀၀) အား မျိုးစိုက်ထည့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတို့က တက်ရောက်ကြပြီး သထုံငါးပေါက်စခန်းမှ နှစ်လက်မနှင့် အထက် အရွယ်အစားရှိသည့် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) အား အဆိုပါကန်အတွင်းသို့ မျိုးစိုက်ထည့်ခဲ့သည်။

မော်လမြိုင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း ငါးမျိုးစိုက်ထည့်ရန် လျာထားချက် အကောင်ရေ (၉.၉၅) သိန်းအပေါ် ၂၀၂၁ခုနှစ် ဇွန်လအထိ သဘာဝမြစ်ချောင်း၊ ဆည်၊ ကန်များအတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ (၅၆၀၀၀၀) အား နေရာ(၈)နေရာ၌ ငါးမျိုးစိုက်ထည့်ခဲ့ပြီး ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)