ချောင်းဆုံမြို့နယ် (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ

ချောင်းဆုံ ဇွန် ၁၁

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေး ပွဲကို ဇွန်လ ၁၁ ရက်နေ့ နံနက် (၁၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခကြုံတွေနေသူများကို လက်တလော စားဝတ်နေရေး အဆင်ပြေအောင် ထောက်ပံ့ပေးခြင်း၊ လူ့အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးခြင်း စသည့်များကို အဓိကထား ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံပြည်သူများအနေနဲ့ မိုးဦးလေဦး ကာလဖြစ်သည့်အတွက် မိုးကြိုးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းက ဆွေးနွေးခဲ့သည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ ပညာပေးလုပ်ငန်း၊ သတိပေးနှိုးဆော် ခြင်းနှင့်  ကယ်ဆယ်ရေးပစ္စည်းများကို အသင့်ထားရှိပြီး သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု များအတွက် ပြန်လည်ထူထောင်ရေး လုပ်န်းများအတွက် အချိန်မီထောက်ပံ့ခြင်းများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)