ပေါက်မြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်

ပေါက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အသက်(၂)လသားမှ (၁) နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်သည်။

ယင်းသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမှုအစီအစဉ်တွင် ရပ်ကွက်/ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေးရခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းကို ကာကွယ်ဆေးထိုးနှံရန် လာရောက် သည့် မိခင်များတစ်ဦးခြင်းစီသို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကလေးငယ်များအား ဝက်သက်-ဂျိုက် သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း၊ ဘီစီဂျီကာ ကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဉာဏ်တိုး​ (ပေါက်)