ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကမ္ဘောဇဘဏ်မှ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း
Sep 17,2020
ယနေ့ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါအချိန်ကာလတွင် နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော ပိုးတွေ့ရှိလူနာများနှင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆက်လက်ပေးပို့ လှူဒါန်းရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲမှ ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပစ္စည်း (၇)မျိုးနှင့် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံ အထွေထွေအသုံးပြုရန်အတွက် ငွေကျပ်(၅၀)သိန်းတို့ကို ပေးအပ် လှူဒါန်းသည်။