တောင်ငူ၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့

တောင်ငူ ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက် ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ သိရသည်။

ထိုသို့ထောက်ပံ့ရာ၌ သက်ကြီးဘိုးဘွား တစ်ဦးအား တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်ငူမြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့် အထက် စုစုပေါင်းသက်ကြီး ဘိုးဘွား (၁၄၄၀) ဦးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယ (၃)လပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။