သတင်းများ

မှော်ဘီမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် တွင်ကျောင်းသား/ကျောင်းသူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေးအတွက် အမှတ်(၆၄) မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ကျောင်းဖွင့်သည့် နေ့တိုင်း ဆောင်ရွက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ အိမ်မဲမြို့တွင်ကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (TSDP)   အားကစားပြိုင်ပွဲဖွင့်ပွဲများကို   ယမန်နေ့ နံနက် ၉နာရီကကျင်းပခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  နယ်လှည့်ကွင်းဆင်းဟောပြောပွဲကျင်းပ
Jun 18,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီ ၃၀ က မိုင်းရယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိ
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိ စေရေး ကာကွယ်ထိန်းချုပ် သည့်အနေဖြင့်   ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်အား ကွမ်းလုံမြို့အဝင်  ကောင်းခါးစစ်ဆေးရေးဂိတ်၌ ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မလှိုင်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အရ အမိန့် အမှတ် ( ၃/၂ဝ၂၁ ) ထုတ်ပြန်
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အရထုတ်ပြန်ခဲ့ သော အမိန့်အမှတ် (၂ /၂ဝ၂၁) ကို ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်သော အမိန့်အမှတ်(၃/၂ဝ၂၁) ဖြင့် လွှမ်းမိုးပယ်၍ မြို့နယ်အတွင်း ညမထွက်ရအမိန့် သတ်မှတ်ချိန်ကို   မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  ယမန်နေ့က ပြောင်းလဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။  
မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာ ကုန်ထုတ်လမ်းဖေါက် လုပ်နေမှုကွင်းဆင်းစစ်ဆေး
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်သည် မြို့နယ်တည်ဆောက်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များလိုက်ပါလျက် သက္ကယ်ကျင်းကျေးရွာအတွင်း ကုန်ထုတ်လမ်းဖေါက်လုပ်နေ မှုကို ယမန်နေ့က သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
ကူးစက်မြန် အသွင်ပြောင်း ကိုဗစ်(၁၉) ရောဂါတွေ့ရှိသော လားရှိုးမြို့မဈေးကြီးရှိ ဆိုင်ခန်း(၄၀၀) ကျော်အား အရေးပေါ်ပိတ်သွားမည်
Jun 17,2021
လားရှိုးမြို့ မဈေးကြီးမှ ဈေးတွင်းဈေးရောင်းချသူတစ်ချို့ထံမှ ကူးစက်မြန်အသွင်ပြောင်း ကိုဗစ်(၁၉) ရောဂါပိုး တွေ့ရှိရသောကြောင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်ကို အရေးပေါ် ပိတ်သွားမည်ဖြစ်ကြောင်း ယနေ့ ညနေ(၃)နာရီခွဲအချိန်က ဈေးတာဝန်ခံ ထံမှသိရသည်။
ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ 
Jun 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမတွင် ယမန် နေ့ မွန်းလွဲ ၁ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင် ့မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တွေ့ဆုံ၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။