သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ(၁၈၀)ဦးခန့်အပ်သွားမည်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲ(၁၈၀)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
နမ့်စန်မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/ထွက် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့်ချထား၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Sep 17,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊
ရပ်ကွက်/​ကျေးရွာ ​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည် မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးခရိုင်၊ ​ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်/​ကျေးရွာ အဖွဲ့ခွဲအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယ​နေ့ နံနက်(၉)နာရီ အချိန်က ​​ကျောက်တံခါးမြို့အ​ခြေခံ ပညာအထက်တန်း​ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
မောက်မယ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) ဖွင့်လှစ်ကျင်းပ
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) ဖွင့်လှစ်ခြင်းကို နမ့်ယွန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးပိုစတာများ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးလမ်းညွှန်ချက် ပိုစတာများကို ယနေ့နံနက် ၁၀ နာရီအချိန် က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအေဝးခန်းမနှင့် မြို့နယ် စည်ပင်သာယာခန်းမတို့တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကျင်းပလျက်ရှိ‌ကြောင်း သိရသည်။
ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ‌ပေးမှုများ ဆောင်ရွက်
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်မှုများကို ယနေ့နံနက်က မြို့နယ်စည်ပင်သာယာဈေးမတွင်းနှင့် မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။