သတင်းများ

မရမ်းကုန်းမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယ အကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Sep 17,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မိုင်းလုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ညောင်ရွှေမြို့ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီ က ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နေရာနှစ်ခုခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေး
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စည်ပင်သာယာ ရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ က မြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 17,2020
ဖားဆောင်းမြို့နယ်နှင့်မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖားဆောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် မော်ချီးဒေသအမှတ်(၂) စစ်ဆေးရေးဂိတ်၌
မြို့သစ်မြို့နယ်၌ ညမထွက်ရအမိန့်ထုတ်ပြန်
Sep 17,2020
ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝန်း ကူးစက်ပြန့်ပွားလျက်ရှိရာ မကွေးခရိုင်၊ မြို့သစ်မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ ညမထွက်ရ အမိန့်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒေသန္တရ အမိန့် ထုတ်ပြန် ကြေညာခဲ့သည်။
ကျိုင်းတောင်းမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ခံစားရရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်
Sep 17,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် ခံစားရရှိသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီး‌ရေးရာ အဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။