မလှိုင် ဇွန် ၁၇
မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးဇော်ဇော်ဦးသည် မလှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ( လက်ထောက် ကော်လိတ္တော်အရာရှိ )ဦးစိုးမင်းထက်၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေးနှင့် သက်ဆိုင်ရာဌာန တာ၀န်ရှိသူများ လိုက်ပါလျှက် မလှိုင်မြို့နယ်အတွင်း အခမဲ့မြေလွှဲလျှောက်ထားမည့် မြေနေရာအား မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်နိုင်ရေးအတွက် ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မလှိုင်မြို့ ၊အမှတ်(၂)ရပ်ကွက်၊ ကွင်းအမှတ် ၃/မြို့သစ် ၊ ဦးပိုင်အမှတ်(၃၇၈) ၊မြေကွက်အမှတ်(၁၃၈) တွင်ဧရိယာ (၀.၀၈၆ ) ဧက ရှိအပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီး ဌာနရုံးမြေနေရာကို သွားရောက်ကြည့်စစ်ဆေးခဲ့ပြီးလိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့သည် ။ ယင်းနောက် ခရိုင်ကောလိတ္တော်အရာရှိနှင့် အဖွဲ့သည် မြို့နယ်သတင်းတပ်ဖွဲ့ရုံး မြေနေရာဖြစ်သည့် အမှတ် ၃ ရပ်ကွက် ၊ကွင်းအမှတ်A /က ရုံးရပ် ၊ ဦးပိုင်အမှတ် ၉/၂/စ ၊ မြေကွက်အမှတ်- ၊တွင်ရှိသောဧရိယာ (၀.၁၀၈ )ဧက မြေနေရာအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)