ကျောက်တံခါး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့၏ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်တံခါးမြို့နယ်အတွင်း ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများဖြစ်သော လှေတော်ခုံ-အမြန်လမ်း(ဂဝံလမ်း)၊ သာယာကုန်း-ကန်ကလေးလမ်း (ကျောက်လမ်း)၊ မြောက်စုကျေးရွာ ကုန်ထုတ်လမ်း (ဂဝံလမ်း)ဖဒို-စာဖြူစုလမ်း၊ ဖဒို-ရှမ်းဒိုးတန်း-ဇီးတောလမ်း(ဂဝံလမ်း) ဖဒို-ခွက်မလမ်း(ဂဝံလမ်း)ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိရာတွင် သတ်မှတ်စံချိန်စံညွှန်းဖြင့် ကိုက်ညီခြင်းရှိ/မရှိကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။