တပ်ကုန်းမြို့၌ ဦးခေါင်းနှစ်လုံးပါသည့် ကလေးတစ်ဦးမွေးဖွား
Sep 17,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာနေ ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊ အသက်(၂၉)နှစ်မှာ ကလေး မီးဖွားရန်အတွက် တပ်ကုန်းမြို့ ခုတင် (၁၀၀)ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျက်ရှိရာ ယမန်နေ့ ည ၈ နာရီအချိန်တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့မှ အရေးပေါ်ခွဲစိတ် မွေးဖွားပေးခဲ့ရာ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ် (ယောက်ျားလေး) တစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။