သတင်းများ

ဝန်းသိုမြို့နယ် ကျေးရွာသုံးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး 
Jun 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ရွာသာကျေးရွာ၊ ညောင်အင်းကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ရွာတွင်းလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ 
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသ
Jun 17,2021
ဌာနမှ ဇွန်လ ၁၇နေ့ နံနက် ၁၁နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှေ့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မကွေးခရိုင်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်း အနား တက်ရောက်
Jun 17,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ခဲ့သည်။
ကသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ် ပြန်လည်ဖွင့်လှစ်ထားရှိ 
Jun 17,2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ကသာမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကသာမြို့အဝင် လမ်းမတော်လမ်းမကြီးဘေးတွင် ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ် ထားရှိပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။
စုကလိမြို့အခြေခံပညာအထက်တန်းကျောင်း၌ နှာခေါင်းစည်း (Mask) များ လာရောက်လှူဒါန်း
Jun 17,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Mask များအား အလှူရှင်များက ယနေ့နံနက် ၁၀ နာရီ အချိန်၌ အဆိုပါကျောင်းသို့ လာရောက်လှူဒါန်း ပေးခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် ​​​​​​​အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ
ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပ ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေးနှင့် မြို့လယ်လူစည်ကားရာလမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 17,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။