ညောင်ရွှေမြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ကန့်သတ်တားမြစ်မှုများအား ရုပ်သိမ်း
Sep 17,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း လွန်ခဲ့သည့် မေလကုန်ပိုင်းခန့်က ဝက်များနာမကျန်းဖြစ်ပြီး သံသယဖြစ်ဖွယ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အဆင့် ဝက်အာဖရိကအပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့ရောင်းချမှုများကို (၁.၆.၂၀၂၀) ရက်နေ့မှစတင်၍ ကန့်သတ်တားမြစ်လိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၁-၆-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၇၃၇၄/၆-၆၃၃/ အစရ(ရှမ်း)ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။