သတင်းများ

ဖြူးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဖြုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးနေလျက်ရှိရာ ဇွန်လ(၁၇)ရက်နေ့ထိ တောင်သူပေါင်း (၂၂၂) ဦး၏ လယ်မြေဧက(၁၃၉၇)ဧက အတွက် ငွေကျပ်ပေါင်း (၂၀၉၅ ဒသမ ၅)သိန်း ထုတ်ချေးပေးခဲ့ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးသက်လွင်ထံမှ သိရသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်း၌ မွန်ဇော်ကျေးရွာအုပ်စုမှ တောင်သူ (၅၁)ဦး၏ စပါးသီးနှံစိုက်ဧက(၆၄)ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၁၀၆)ဧကအတွက် စုစုပေါင်းချေးငွေကျပ် (၂၀၂) သိန်းကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 
ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူပေါင်း (၈၉၂၅) ဦး ပညာသင်ကြား
Jun 17,2021
သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်လှစ်သည့် ရက်မှ ယနေ့ထိ ကျောင်းသား/သူပေါင်း (၈၉၂၅) ဦး တက်ရောက်ပြီး
အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်
Jun 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေလုပ်သားများ ပင်လယ်ပြင်မှာ ကြုံရမည့် အခက်အခဲများကို ဖြေရှင်းနိုင်စေရန်နှင့် ပင်လယ်ပြင်မှာ တွေ့ကြုံရမည့် သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေရှင်းနိုင်ရန် လုပ်ငန်းခွင် အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ် ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု (Training on Basic On-job Skill for Fishermen)(1/2021) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ဆောင်ရွက်
Jun 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအ‌‌ခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံးခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက  မြို့ပြန်/ဆက်ဦးစီးဌာနနှင့်‌  ရေကြည်မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း စီစဉ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရေးမြို့ရှိ စျေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး 
Jun 17,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြသီတာဈေး၌ ယနေ့နံနက်၉နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
မြဝတီမြို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်
Jun 17,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jun 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်  ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၁နာရီအချိန်က ရန်ကင်းမြို့နယ် ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း  သိရသည်။