ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပလောက် ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး စေရန်အတွက် ယနေ့ နံနက်(၉)နာရီအချိန်က မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးမှူး ဦးခင်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှုရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခင်အောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေး လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီးများအား ကိုင်တွယ်အသုံးပြု ရာတွင် အန္တရာယ်မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရန် မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ သည်။

ထို့နောက် ပလောက်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခင်အောင် ဒုဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များတွင် အသုံး ပြုနေသည့် လျှပ်စစ်မိန်းခုံများနှင့် လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ မီးဘေး အန္တရာယ်ကြုံတွေ့ ပါက ရေရယူသုံးစွဲရန် အဆင်ပြေမှုရှိ/မရှိ မီးသတ်ဆေးဘူးများ အရည်အသွေးပြည့်မီမှု ရှိ/မရှိတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်