မိတ္ထီလာ ဇွန် ၁၇
မိတ္ထီလာမြို့တွင်ဧပြီလ၁၃ရက်နေ့ကထုတ်ပြန်ခဲ့သောပုဒ်မ၁၄၄ (ညမထွက်ရအမိန့်) သတ်မှတ်ချက် ချိန် ည ၈နာရီမှနံနက် ၄နာရီအစား ယနေ့ ဇွန်လ ၁၇ရက်နေ့မှစတင်ပြီး ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ချိန်ပြောင်းလဲ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (အမိန့်အမှတ ်၄/၂ဝ၂၁)ဖြင့်ပြောင်းလဲထုတ်ပြန်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ (ညမထွက်ရ) အမိန့်တွင် မြို့နယ်အတွင်း စုဝေးခြင်း၊ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးအသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ၊ စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း ၊ ရုန်းရင်းဆန်ခတ်မှုများ မပြုလုပ်ရန ်တားမြစ်လိုက်ကြောင်း၊ ထို့အပြင်လူ၅ဦး သို့မဟုတ် လူ ၅ ဦးထက်ပိုသောသူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားလာရဦလမ်း၊ လမ်းသွယ်၊လမ်းကြား ၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုကြရန် နှင့် ည ၁ဝ နာရီမှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ဆင့်လိုက်ကြောင်းပါဝင်သည်။ အဆိုပါ ညမထွက်အရ အမိန့်ကာလမှာ ဇွန်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ ၂ လ ဖြစ်ကြောင်းသိရသည်။
ချမ်းသာ