ထန်တလန်၌ မြို့အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး
Sep 17,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီဝင်များ သည် ယနေ့ နံနက် ၉ နာရီတွင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖြတ်သန်းသွားလာ ဝင်ရောက်သည့် ခရီးသွားပြည်သူများအား စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။