ရွာငံ ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်(၁၀) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်အား စာဖက်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖက်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးက ရွှေရောင်လမ်းတဲ့ အခွင့်အလမ်းအကြောင်းအရာကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃)က ကျေးလက်ပြည်သူတို့၏လူ့စွမ်းရည်နှင့် ရုပ်သံ(၃)က သတင်းနဲ့ဝတ္ထု သုတနဲ့ရသခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း အသီးသီးဖတ်ကြားကာ ဝန်ထမ်းများအချင်းချင်းနှင့်အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက် (ရွာငံ)