သတင်းများ

ရန်ကင်းမြို့နယ် စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး ရှင်းလင်းဆောင်ရွက်နေကြသော သန့်ရှင်းရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်စေရေး အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လမ်းတာဝန်ခံရုံးခန်းများတွင် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပူတာအိုမြို့နယ်ရှိ IDPs စခန်းများအား စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် ငွေသားများ သွားရောက်ထောက်ပံ့
Sep 17,2020
ကချင်ပြည်နယ် ပူတာအိုမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦစီးဌာနက ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလတွင် စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပူတာအိုမြို့နယ်ရှိ Internally Displaced Persons စခန်းများအား ငွေကျပ် သိန်းသုံးဆယ် ရှစ်သောင်း ကျပ်ကို လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ နယ်စပ်ပေါက်မှ ဝင်ရောက်လာသူနှစ်ဦးအား facility quarantine ထားရှိ
Sep 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသူ အမျိုးသားနှစ်ဦးအား ယနေ့နံနက်ပိုင်း က ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် facility quarantine ထားရှိထားကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Sep 17,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်နှင့် ကျေးရွာများမှ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏
မိုင်းယုမြို့ရှိ ဒေသခံတိုင်းရင်းသားများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask)များ အခမဲ့လှူဒါန်း
Sep 17,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ မြို့ပေါ်နှင့်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများနှင့် ရွေ့ပြောင်းလုပ်သားမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အလှူရှင်ပြည်သူမိသားစုမှ နှာခေါင်းစည်း (Mask)များကို ယနေ့နံနက်ပိုင်း က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ည ၇ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိလူနာနှင့် ထိတွေ့သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို‌ မေးမြန်းခဲ့ကာဒေသအတွင်း ရောဂါကာကွယ် ထိန်းချုပ်နိုင်‌ရေးအတွက် တိုင်းဒေသကြီးပြင်ပနှင့် ရောဂါပိုး တွေ့ရှိရာ ဒေသမှ ပြန်လည် ဝင်ရောက်လာသူများကို ကန့်သတ်နေရာများတွင် သာထားရှိနိုင်ရေးနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင် ရေးတို့ကို ဆွေးနွေးမှာကြား
အုတ်တွင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။