ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိပါက ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ဆောင်ရွက်နိုင်ရန် ယနေနံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။