တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ကျန်းမာရေးအသိပညာပေးရှင်းလင်းဆွေးနွေး

တံတားဦး  ဇွန်  ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မိသားစုဝင်များအား ကျန်းမာရေး အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်

ကျန်းမာရေးအသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသီရွှေက မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေး အကြောင်း ကိုလည်းကောင်း မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦးက ယနေ့အချိန်တွင် ကိုဗစ်-၁၉ရောဂါသည် နေရာအနှံ့ပြန်လည် ဖြစ်ပွားနေကြောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လူစုလူဝေး နေရာများရှောင်ကြဉ်ရန် အပြင်သို့သွားလာတိုင်း မဖြစ်မနေနှာခေါင်းစည်းများ တပ်ဆင်ရန်လိုကြောင်း လက်ဆေးနည်း အကြောင်းအရာများ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တစ်ဦးနှင့်တစ်ဦး ()ပေအကွာ နေထိုင်ပြောဆိုရေးနှင့်   သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက်ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး နှာခေါင်းစည်းများကို ကော်မတီဝင်များနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်

ထို့နောက် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မိသားစုဝင်များက မိမိတို့သိရှိလိုသည့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအကြောင်းနှင့် ကျန်းမာရေး အကြောင်း များကိုရှင်းလင်းဆွေးနွေးကြရာ  တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်

ရဲတင့်(တံတားဦး)