လွိုင်လင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်လင်  ဇွန်  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ကြောင်း သိရသည်။

ရှေးဦးစွာ  ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် မှ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမော် က ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကလေးသူငယ်ဆိုင်ရာ ပြဌာန်းထားသည့် ဥပဒေများကိုလည်းကောင်း၊ ကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များမှ သိလိုသည်များ၊ မရှင်းလင်းသည်များ ကို မေးမြန်းကြပြီး လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။ ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ခရိုင် (ပြန်/ဆက်)