ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ကျောင်းမုန့်ဈေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေး

ကြို့ပင်ကောက် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေ သော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင် ဝင်ရာက်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသားကျောင်းသူများအား အစားအသောက် များမှတစ်ဆင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များ ရောင်းချမှုရှိ/မရှိ၊ မုန့်ထုပ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ အခြားအစားအသောက်များကို ယင်နားစာများ မဖြစ်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်နှင့် ဈေးရောင်းချသူ များက နှာခေါင်းစည်းများ၊ လက်အိပ်များဖြင့် သန့်ရှင်းသတ်ရပ်စွာရောင်းချခြင်းရှိမရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ ပြီး အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကြည်သာက ပြောသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနတို့မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း