သတင်းများ

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
Jun 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ '' ပန်းခင်းစီမံချက် " ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးအုပ်စု အတွင်း နေထိုင်လျက်ရှိသည့် အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ဖူးခြင်း မရှိသေးသူများကို ကျွန်းရောင်းကျေးရွာအုပ်စု ရွှေပေးကျေးရွာ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။
ဘူးသီးတောင်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 22,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်း နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း များ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက်  သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးစည်းကမ်းများနှင့်အညီ‌ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 
ကျိုက်မရောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showပြုလုပ် 
Jun 22,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဆွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။ 
လွိုင်လင်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လက်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
လောက်ကိုင်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
မန့်ဟီးရိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူထံအခမဲ့ဖြန့်ဝေ
Jun 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်း၌ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူရာတွင် ကိုဗစ်−၁၉ကာကွယ်ရေး နည်းလမ်းများအညီ ဆောင်ရွက်ပေး
Jun 22,2021
မွန်ပြည်နယ်၊  မော်လမြိုင်မြို့   မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၌ ၂၀၂၁ခုနှစ်၊  ဇွန်လအတွက် ပင်စင်လစာထုတ်ပေးခြင်းကို  ဇွန်လ(၂၁)ရက်နေ့မှစတင်ခဲ့ပြီး  ထုတ်ပေးရာတွင်လည်း    ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းအ​နေဖြင့် လူစု၊ လူဝေးမဖြစ်ပေါ်စေရန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၇နာရီတွင်လည်း  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ    ဆက်လက် ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။
ရွှေဘိုမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါး ၁၁၈၅၀၀ ဧက လျာထား စိုက်ပျိုးသွားမည်
Jun 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက (၁၁၈၅၀၀) ဧက လျာထား စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။