သတင်းများ

ဟင်္သာတ၌ သမဝါယမမိသားစုမှ စုပေါင်းပြီး အနှေးယာဉ်လုပ်သားကြီးများကို စားသောက်ကုန်များ ပေးအပ်လှူဒါန်း
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်အသင်းစု မိသားစုတို့ စုပေါင်းပြီး ကိုဗစ်-၁၉ ကာလတွင် အနှေးယာဉ်လုပ်သားကြီးများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ စားသောက် ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှေ့ရှိ ပါဆယ်လမ်းမကြီးပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ Home Garden နေအိမ်ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Sep 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် Home Garden ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ယနေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျီခါးမြို့ Quarantine Center အမှတ် (၂) ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 24,2020
ချင်းပြည်နယ်၊ ကျီခါးမြို့တွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်သူများအား စနစ်တကျလက်ခံပြီး Quarantine Center များ၌ အသွားအလာ ကန့်သတ်ထားပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် Quarantine Center အမှတ်(၂) ၌ Quarantine ၀င်‌ရောက်သူများ သတ်မှတ် ကာလပြည့်သဖြင့် ပြန်လည်စေလွှတ်ထားပြီးဖြစ်ရာ အဆိုပါနေရာ သန့်ရှင်းသာယာရေးနှင့် ထပ်မံ‌၀င်ရောက်လာမည့် နေရပ်ပြန်များအား စနစ်တကျ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ယ‌နေ့နံနက် (၇) နာရီအချိန်က မြို့အဆင့် ကိုဗစ်-၁၉‌ ‌ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာ‌ရေး၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် (Cash for Work) စီမံကိန်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီး
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တစ်ရွာလျင် ငွေကျပ် သိန်း (၁၀၀)ဖြင့် (Cash for Work) စီမံကိန်းလုပ်ငန်းများကို ကျေးရွာ (၆)တွင် ဩဂုတ်လဆန်းပိုင်းမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်‌ လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများ အတွက် အကျိုးပြု နေပြီဖြစ်ကြောင်းသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ (၂) ဦးထိ ရှိလာပြီဖြစ်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာအုပ်စု၊ ပန်းတိမ်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ Facility Quarantine ထားရှိသည့် အသက်(၂၈)နှစ် အရွယ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ယမန်နေ့ညက တန့်ဆည်မြို့ နယ် ကျန်မာရေးဦးစီးဌာနမှ သိရသည်။
နောင်တရားဒေသ၌ ဥယျာဉ်ခြံများတွင် သီးညှပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများပိုမိုဝင်ငွေတိုး
Sep 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ ဥယျာဉ်ခြံများတွင် ကုန်စိမ်းသီးနှံများဖြစ်သည့် ခရမ်းချဉ်သီးများ သီးညှပ်စိုက်ပျိုးခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်‌ရေးကော်မတီမှ ကလေးမြို့နယ်အတွင်းရှိ ဂေဟာများသို့ ဆန်အိတ်(၄၀) လှူဒါန်း
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းအသိအမှတ်ပြု ဂေဟာများသို့ စစ်ကိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်‌ရေး ကော်မတီမှ ဆန်အိတ် (၄၀) အား ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှားတောမြို့၌ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး
Sep 24,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး နှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။