သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်​ဆေးဝါးအန္တရာယ်Talk Show ဆောင်ရွက်
Jun 22,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရုံး ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီအချိန်က  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို  မူးယစ်ဆေးဝါးအန္တရာယ်​ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက် ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
Jun 22,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်(၃)၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက သနပ်ပင် မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်သူ (၉)ဦးတွေ့ရှိ
Jun 22,2021
   ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် လက်ရှိဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပြန့်နှံ့လျက်ရှိရာ ယမန်နေ့ ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်သူ ၉ ဦးတွေ့ရှိကြောင်းသိရသည်။
နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၂)ဦး တွေ့ရှိ
Jun 22,2021
နွားထိုးကြီးမြို့၊အမှတ်(၄)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည်မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံ သို့ သွားရောက်ပြီး ကျန်းမာရေးဆေးကုသမှုခံယူခဲ့ရာ ၎င်းအမျိုးသမီးတွင်ကိုဗစ် -၁၉ ရာဂါ ပိုးစစ်ဆေးတွေ့ ရှိခဲ့သဖြင့် ၎င်းနှင့်ဆက်စပ်ခဲ့သူ(၇)ဦးအား (HQ) ထားရှိခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်တွင် နိကာယ်စာမေးပွဲ ဒုတိနေ့ဖြေဆို
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၁ခုနှစ်  အစိုးရနိကာယ်စာမေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရမည်းသင်းမြို့သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းပဉ္စမအကြိမ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် ချေးငွေထုတ်ချေးပွဲအခမ်းအနားကျင်းပ
Jun 22,2021
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်  မြစိမ်းရောင်ကျေးရွာစီမံကိန်းပဉ္စမအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲနှင့် ချေးငွေထုတ်ချေးပွဲကို ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာ တပ်ဦးကျောင်း၌ ကျင်းပခဲ့သည်။
မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Jun 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိသစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ် တွင် ယနေ့နံနက် ၉ နာရီ၌ ရပ်ကွက်နှင့်ကျေးရွာများတွင် သစ်ပင်များစိုက်ပျိုးနိုင် ရန်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ကျေးရွာ များမှ တာဝန်ရှိသူများက လာရောက်ထုတ်ယူလျက်ရှိသည်။
မြစ်သားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 22,2021
၂၀၂၁ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်အပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကိုမြစ်သားမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်း များက ယနေ့ နံနက်(၁၀)နာရီကဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းများ နှင့်လူစည်ကားရာ နေရာများတွင်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။