လားရှိုး ဇွန် ၂၂
ကူးစက်မြန် ကိုဗစ်(၁၉)ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန်လ(၂၂)ရက် နံနက် (၁၀)နာရီအချိန်က တည်းခိုခန်းလုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်(၁၉) ကာကွယ် ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး က လားရှိုးမြို့၌ တွေ့ရှိနေသော ကူးစက်မြန် ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
လားရှိုးပြည်သူ့ဆေးရုံကြီး ပြင်ပဌာန၌ ယနေ့မှစတင်ကာ ရုံးချိန်အတွင်း နံနက်(၉)နာရီမှညနေ(၄)နာရီ အချိန်အထိ မိမိဆန္ဒသဘောအလျာက် ကိုဗစ်(၁၉)ရောဂါပိုး ရှိ/မရှိကို စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တည်းခိုခန်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကလမ်းညွှန်ထားသော ကိုဗစ်(၁၉) ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များကို အထူးလိုက်နာရန်လိုအပ်ပြီး သက်ဆိုင်ရာဌာနများက ချမှတ်ထားသော စည်းကမ်းများကိုလိုက်နာရန်လိုအပ်ကြောင်းသိရသည်။
လားရှိုးမြို့၌ ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်ရယူထားသော ဟိုတယ် (၂၂)လုံးနှင့် တည်းခိုခန်း(၁)ခုရှိနေပြီး စည်ပင်သာယာရေးဌာန၏ လုပ်ငန်းလိုင်စင် ရယူထားသော တည်းခိုခန်း(၅၈)ခုရှိကြောင်းသိရှိရသည်။
ယနေ့ပြုလုပ်သော တည်းခိုခန်းလုပ်ငန်းရှင်များနှင့်ဆွေးနွေးအတည်ပြုချက်ဖြင့် လားရှိုးမြို့ ရှိတည်း ခိုခန်းများအား ကူးစက်မြန် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးအတွက် ဇွန်လ(၂၃)ရက်နေ့မှစတင်ကာ (၂)ပတ်ကြာ ယာယီပိတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟန်ဌေး(လားရှိုး)