သတင်းများ

ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများလိုက်နာရမည့် တာဝန်နှင့်စည်းကမ်းများကို သိရှိလိုက်နာစေနိုင်ရန် အတွက် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 22,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်တာဝန် ရှိသူများ၊  ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
မြောင်းမြမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သင်ကြားသည့် ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီခွဲက တောင်ဒီးကျေးရွာ၊ နဂါးပတ်တောင် ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဟွေဖကျေးရွာအုပ်စု နမ့်နော်(အပေါ်)ရွာနှင့် တာကြန့်ကျေးရွာအုပ်စု နမ့်နော်(အောက်) ရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ဒေသန္တရစီမံကိန်းပြုစုရေးဆွဲရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 22,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၏ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး သိင်္ဂုတ္တရဥယျာဉ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2021
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနတို့က ကြီးမှူး ကျင်းပသော အပြည်ပြည်ဆိုင်ရာ၊ ရာသီဥတု ပြောင်းလဲမှုနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲ တွင်စေတီတော် မြတ်ကြီး၏ အနောက်ဘက်မုခ်၊ သိင်္ဂုတ္တရ ဥယျာဉ် (ဝင်္ဂဘာ) ရေတွင်းကုန်း မြက်ခင်းမြေနေရာဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
မိုးနဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jun 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား  မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ဘားအံခရိုင် Community Centre တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် Community Centre ၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။