ဘုတ်ပြင်းမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း  ဇွန်   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက် ရှိသည့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များအား ကျန်းမားရေးညွှန်ကြားချက်များနှင့်အညီ  ဖွင့်လှစ်ရောင်းချနိုင်ရေး ပူးပေါင်းအဖွဲ့များက ယနေ့နံနက်က မြို့မဈေးနှင့်၊ မြို့ပေါ်စားသောက်ဆိုင်များ ၊ အရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် Mask နှင့် Face Shield တပ်ဆင်၍ စနစ်တကျရောင်းချမှုရှိမရှိနှင့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်း ချခြင်းမပြုရန်နှင့် ပါဆယ်စနစ်ဖြင့်ရောင်းချနိုင်ရေး၊ ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။