ဖြူး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများလိုက်နာရမည့် တာဝန်နှင့်စည်းကမ်းများကို သိရှိလိုက်နာစေနိုင်ရန် အတွက် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက နိုင်ငံဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်သည့်အပြင် စည်းမျဉ်းစည်းကမ်းများကိုလည်း ဝန်ထမ်း တစ်ဦးချင်းစီတိုင်း လိုက်နာနိုင်ရေး သိထားရမှာဖြစ်သောကြောင့် ယခုလိုစာဖတ်ဝိုင်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အခန်း(၁၄)ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများ၊ အခန်း (၁၅) ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများမှ အလုပ်ချိန်နှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူအပြစ် ပေးနိုင်သည့် အချက်များ၊ တာဝန်ထမ်းဆောင်မှု လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူအပြစ် ပေးနိုင်သည့် အချက်များကို ဖတ်ကြား ဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နေမျိုးလွင်