ဘားအံ ဇွန် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင် Community Centre ၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် မူးယစ်ဆန့်ကျင်ရေးအသင်း(MANA)မှ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်နှင့်ဘဏ္ဍာရေးမှူး ဦးခင်မောင်အေးတို့က ကရင်ပြည်နယ်တွင် မူးယစ်ဆန့်ကျင်ရေးအသင်း (MANA) ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲမိခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများကို Online မှတစ်ဆင့် အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)