မြောင်းမြမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်

မြောင်းမြ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သင်ကြားသည့် ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီခွဲက တောင်ဒီးကျေးရွာ၊ နဂါးပတ်တောင် ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီနေထိုင်သင်ကြားသွားရန်နှင့် သင်တန်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာသင်ကြား သွားရန်ပြောကြားခဲ့သည်။
အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းတွင်သင်တန်းနည်းပြ ဆရာမဒေါ်မြသီတာထွေးက သင်တန်းသူ(၂၀)ဦး တို့ကိုအမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ကလေးဝတ်နှင့်ရှပ်အင်္ကျီစသည့်ဘာသာရပ်(၁၂)မျိုးတို့ကို (၂၁.၆.၂၀၂၁) ရက်နေ့မှစ၍(၂၂.၇.၂၀၂၁) ရက်နေ့အထိ(၁)လကြာ စာတွေ့၊လက်တွေ့သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)