မိုးနဲ ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးညွန့်ရွှေက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် စိုင်းကွမ်ခေးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ချစ်လို့ပြောတာမှတ်ပါစာအုပ်မှ စာရေးသူ၏အမှာစာ၊ စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသော Book Club အဖွဲ့ဝင် နန်းပန်းအိဖွေး က ချစ်သောမျက်စိဖြင့် ရှုကြရစေ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စန္ဒာအောင်က မပြိုစေလို ရွှေမြင်းမိုရ် ခေါင်းစဉ်ဖြင့် လည်ကောင်း၊ Book Club အသင်းဝင် စိုင်းကွမ်ခေးက မှတ်ဉာဏ်ခိုင်မာစေတဲ့ နည်းတစ်ခု၊ ဒေါ်နန်းဆိုင်မိုင်က ချစ်သောမျက်စိဖြင့် ရှုကြစေ စသည့်ခေါင်းစဥ်များနှင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ခေါင်းစဉ်အလိုက် အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)