ဆီဆိုင်မြို့နယ်တွင် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရန်အတွက် မြေနေရာကွင်းဆင်းကြည့်ရှု
Sep 24,2020
ဒေသခံစိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေအလုံအလောက် ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရန် မြေနေရာကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း၊ နောင်ကျောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦးနှင့် ဒေသခံပြည်သူများနှင့်အတူကွင်း ဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။