သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 22,2021
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းအချိန်က မြဝတီမြို့ အာရှလမ်းမကြီးတစ်လျှောက်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား နေ့အလိုက် ပင်စင်လစာများ ထုတ်ပေး                                           
Jun 22,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိသည်။
ကျုံပျော်တွင် ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jun 22,2021
တစ်နိုင်ငံလုံးတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျုံပျော်မြို့နယ်တွင်လည်း စီမံချက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ယမန်နေ့ နေ့လည်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများအား Life Jacket အသက်ကယ်ဝတ်စုံ စနစ်တကျဝတ်ဆင်တတ်စေရန် အသိပညာပေးခြင်းများဆောင်ရွက်
Jun 22,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများကို ရေလမ်းခရီးသွား လာရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် (Life Jacket) အသက်ကယ်ဝတ်စုံ စနစ်တကျဝတ် ဆင်အသုံးပြုတတ်စေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မီးသတ်တပ်ဖွဲ့ဝင် များက ငလပွေ့ရပ်ကွက်ရှိ မော်တော်များဆိပ်ကပ်ရာ ဆိပ်ခံတံတားသို့သွားရောက်၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြ သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကျေးလက်သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင်ဆောက်ရွက် သော ကျေးလက်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပေးနှိုးဆော်
Jun 22,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီမှ ချောင်းဆုံမြို့ပေါ်ရပ်ကွက်နှင့် ခရိုက်သစ်ကျေးရွာတို့တွင် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။ 
ထီးလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ( Talk Show ) ပြုလုပ်
Jun 22,2021
မူးယစ်ဆေးဝါးအန္တရာယ်၏ဆိုးကျိုးများနှင့်ပတ်သက်၍ ပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်စေရေးတို့အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ( Talk Show ) ကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ပြုလုပ်သည်။