သတင်းများ

ဗဟန်းမြို့နယ်တွင် Quarantine Centre ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 24,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre အဖြစ် အသုံးပြုမည့် နေရာများအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယ‌နေ့ မွန်းလွဲ ပိုင်းအချိန်က မြို့နယ်ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံ၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်မြောင်းတကာ စက်မှုဇုံ၌ မီးလောင်မှုဖြစ်ပွား
Sep 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မှော်ဘီမြို့နယ် မြောင်း တကာစက်မှုဇုံ ၊(၂)လမ်း၊အကွက်အမှတ် (၅၉)တွင် ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်ခန့်တွင် Ba An ဆက်သွယ်ရေး မြေအောက်သုံး ကေဘယ်(လ်) ပိုက်များနှင့် သွပ်ရည်စိမ် ထုတ်လုပ်သည့် စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ကြောင်းသိရသည်။
ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ စာသင်ကျောင်းတွင်ထားရှိသည့် ကုန်တင်ယာဉ်များ စစ်ဆေးရေးစင်တာသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး
Sep 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ စာသင်ကျောင်းရှိ ကုန်တင်ယာဉ်များအား ကြီးကြပ်စစ်ဆေးရေးစင်တာတွင် သီးသန့်ကန့်သတ်ထားရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များကစုစည်း၍ ယနေ့နံနက် ၈ နာရီအချိန် က မြို့နယ်ကော်မတီသို့ အဆိုပါ သီးသန့်ကန့်သတ် ထားရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကျန်းမာရေးစစ်‌ဆေးပေးခြင်းနှင့် ကားများ အား ဆေးဖျန်းပေးခြင်းတို့ကို‌ ပုံမှန်ဆောင်ရွက်ပေးရန်၊ စင်တာတွင်လုံခြုံရေးနှင့် ယာဉ်ထိန်းထားရှိပေးရန်၊ မြို့တွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်နေသော ယာဉ်မောင်းများအား ထိရောက်စွာအရေးယူပေးရန် စသည့်အချက်များ ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ရာ မြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ ထောက်ပံ့ငွေ များပေးအပ်
Sep 24,2020
ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဆန်၊ ဆီ၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း သုံးဘာသာနှင့်အထက် ဂုဏ်ထူးရှင် (၈၇) ဦးအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်
Sep 24,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာနှင့်အထက် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ (၈၇) ဦးအား စက်တင်ဘာလ ၂၂ရက်မှစတင်ပြီး ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များချီးမြှင့်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၌ Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၃ ရွာ ရာနှုန်းပြည့်ပြီးစီး
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ကာလ CERP အစီအစဉ်အရ Cash For Work စီမံကိန်းထောက်ပံငွေကျပ်သိန်း ၁၀၀ စီဖြင့်
အင်တောမြို့၌ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအသစ် အသိပညာပေးပြီး Mask မတပ်သူများကို ဒဏ်ငွေပေးဆောင်စေ၍ Mask တပ်ဆင်သွားလာရေးဆောင်ရွက်
Sep 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအသစ်ကို သိရှိ နားလည်စေရန်နှင့် အိမ်အပြင်ထွက်တိုင်း mask တပ်ဆင်လာရေး မလိုက်နာသူများအား ဒဏ်ငွေ ရိုက်စနစ် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စ၍ ရပ်စောက်-အင်တော-နောင်ချို လမ်းမတလျှောက်နှင့် မြို့မဈေး၌ ပြုလုပ်ခဲ့သည်။
သီပေါမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Online စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ လွှင့်တင်ဆောင်ရွက်
Sep 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ရနံ့သိုက်ရေးသားသော "သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ" (လူငယ်တို့အတွက်စိတ်ဓာတ် ခွန်အားဖြည့်စာစုများ) စာအုပ်မိတ်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့် က သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။