လသာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လသာ  ဇွန်   ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်တာဝန် ရှိသူများ၊  ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်မင်းနိုင်က ကမ္ဘာနိုင်ငံအချို့ နှင့်အိမ်နီးချင်း နိုင်ငံအချို့တွင် ကိုဗစ်-၁၉တတိယလှိုင်း ဖြစ်ပွားနေသည်ဟုသိရကြောင်း မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ကူးစက်မှုများ ပိုမိုများပြား လာကြောင်းကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မိမိတို့ဌာနဆိုင်ရာများအားလုံး လက်တွဲပြီး ဝိုင်းဝန်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်းပြောကြားသည်၊၊

ဆက်လက်၍ တက်​ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာမှတာဝန်ရှိသူများက ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးကြကြောင်းသိရသည်၊၊