ဧရာဝတီတိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံ(၁၂)ရုံအား အောက်တိုဘာ ၇ ရက်အထိ ယာယီပိတ်သိမ်းသွားမည်
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂)ရုံမှ အလုပ်သမား(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံ (၁၂)ရုံအား စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။