သတင်းများ

မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထရှိစေရန်နှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ကျွမ်းကျင်မှုရှိရေး၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် နိကာယ် စာမေးပွဲ (ဝိဒူတန်း)ဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့မှစ၍ အလယ်တောရ ဘုန်းတော်ကြီးကျောင်း၊ ပုပ္ပါရုံကျောင်းဆောင်၌ကျင်းပခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံများဆိုင်ရာ သတ်မှတ်ထားသည့်စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့နယ်ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး
Jun 22,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံများဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့နယ်ကြီးကြပ်ရေးကော်မတီမှ ဇွန်လ (၂၂)ရက် နံနက်(၉)နာရီ အချိန်က ဗွီဒီယိုရုံများဆိုင်ရာ ကာရာအိုကေရုံများ သို့သွားရောက် စစ်ဆေးကြောင်းသိရှိရသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ထုံးတမ်းဥပဒေ  အသိပညာပေး Talk Show ဆောင်ရွက်
Jun 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ထုံးတမ်းဥပဒေ  အသိပညာပေး Talk Show ကို ယနေ့ နေ့လည် (၁)နာရီက ကျင်းပခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ချေးငွေ ကျပ်သိန်းပေါင်း (၁၉၁၄၀) ကျော်လျာထား ထုတ်ချေးပေးလျက်ရှိ
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ချေးငွေကျပ် သိန်းပေါင်း (၁၉၁၄၀) ကျော်လျာထား ထုတ်ချေးပေး လျက်ရှိရာ ယနေ့ထိ ကျေးရွာပေါင်း(၃၈)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 22,2021
ရခိုင်ပြည်နယ်၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာစည်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး နှင့်သုံးမွှာပူး ကလေးများအားထောက်ပံ့ငွေပေးအပ်
Jun 22,2021
မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌  ယ​နေ့နံနက် ၁၀ နာရီက    မြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ   လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုံးမွှာပူးကလေးများအား ထောက်ပံ့ ငွေပေးအပ်ပွဲ  ပြုလုပ်ခဲ့ကြောင်း သိရသည်။