မလှိုင်မြို့နယ်တွင် နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တရားရုံးမှ နိုင်ငံတဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ ( National Case Management Program – NCMP )ကို ယနေ့ နံနက်ပိုင်းကမြို့နယ်တရားရုံး အစည်းဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ မိတ်ဆက်ရှင်းလင်းပွဲတွင်မြို့နယ် တရားသူကြီးဦးတေဇာဝင်းက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုး ကျေးဇူး၊ အဓိကလုပ်ငန်းစဉ် အချိန်ကာလကြာမြင့်ချိန် ၊ မှုခင်းစီမံခန့်ခွဲမှုအစည်းဝေးရဲ့ အနှစ်သာရ၊ အကြိုညှိနှိုင်း အစည်းဝေးနှင့် အပြီးသတ်အကြို ညှိနှိုင်းအစည်းဝေး၏ အနှစ်သာရများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။