ဇီးကုန်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၏ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ငွေလုံးငွေရင်းအသုံးစရိတ်များ အတည်ပြုနိုင်ရေး ၂၀၂၁ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ (၆)လ အတွင်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဌာနဆိုင်ရာများမှ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများအား တင်ပြဆွေးနွေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အတည်ပြုချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ