၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ချေးငွေ ကျပ်သိန်းပေါင်း (၁၉၁၄၀) ကျော်လျာထား ထုတ်ချေးပေးလျက်ရှိ

မင်းလှ ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ချေးငွေကျပ် သိန်းပေါင်း (၁၉၁၄၀) ကျော်လျာထား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာပေါင်း(၃၈)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရ သည်။

မင်းလှမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှ ဇွန်လအထိ ကျေးရွာ ပေါင်း(၄၄)ရွာ ယူနစ်ပေါင်း (၄၃)ယူနစ် ထုတ်ချေးပေးသွားမည်ဖြစ်ရာ၊ ယနေ့အထိ ကျေးရွာပေါင်း (၃၈)ရွာ ယူနစ်ပေါင်း(၃၇) ယူနစ်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ် စသည့်ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်းပေါင်း (၁၇၁၀၀)ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသောကျေးရွာ (၆)ရွာ ယူနစ်(၆)ယူနစ်တို့အတွက် ဩဂုတ်လကုန်ထိ (၂)လ ထပ်တိုးပြီး ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ထွန်းက ပြောကြားသည်။

အဆိုပါ ချေးငွေများထုတ်ချေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်မြစိမ်း ရောင်ကော်မတီဝင်တို့ ပူးပေါင်း၍ ကျေးရွာအရောက် အသင်းသားများ ထံ ကွင်းဆင်းပြီး မြစိမ်းရောင်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ