သတင်းများ

ဖျာပုံမြို့၌စားသုံးသူရေးရာဦးစီးဌာနက စားသောက်ကုန်ပစ္စည်းများကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် စားသုံးသူရေးရာဉီးစီးဌာနက စားသုံးကုန် ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး ခြင်းကိုယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိမြို့နယ်များအား “ပန်းခင်း” စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Jun 22,2021
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမြို့နယ်ဦးစီးမှူးရုံးများ “ပန်းခင်း”စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀၀၉)၊ နယ်ခြားစောင့် တပ်ရင်းအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က "မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ" ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရေတာရှည်မြို့နယ်တွင် သဘာဝ​ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဧကများအား ထောက်ပံ့ငွေ​ပေးအပ်
Jun 22,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သဘာဝ​ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့​သော သီးနှံပျက်စီးဧကများ အတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ပလောက်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jun 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၁)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကိုပြုလုပ် ဆောင်ရွက်ခဲ့သည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူ ၄၀ ဦး စစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ ၃ ဦးတွေ့ရှိ
Jun 22,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၁)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၃)ဦးမှာ ကိုဗစ်-၁၉ရောဂါ positive ဖြစ်ကြောင်း သိရသည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask နှင့် အသိပညာပေး  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းနှင့်မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ပိုး စစ်ဆေးရန်အတွက် သံသယလူနာများ ထားရှိမည့် Quarantine Centre များအား ပြင်ဆင်မှုများဆောင်ရွက်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် သံသယလူနာများကိုလည်းကောင်း ပြည်တွင်းပြည်ပပြန်များကို လည်းကောင်း ရောဂါဖြစ်ပါးနေသည့် အရပ်ဒေသမှ ပြန်လာသူများ ဝင်ရောက်လာသူများကို ထားရှိစစ်ဆေးရန်အတွက်