စစ်တွေ ဇွန် ၂၂
ရခိုင်ပြည်နယ်၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဌာန၊ အဖွဲ့အစည်း(၂၆) ခုရှိပြီး၂၀၂၁ ခုနှစ်၊ မေလကုန်အထိလုပ်ငန်း အကောင်အထည်ဖော်နိုင်မှု၊ ပြီးစီးမှု အခြေအနေကို သုံးသပ်ပြောကြားလိုပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ငွေလုံးငွေရင်းအသုံးစရိတ်အနေဖြင့် UNDP အထောက်အပံ့လုပ်ငန်းများအပါအဝင် ငွေကျပ် ၅၅ ဒသမ ၉ ဘီလီယံ ၊ လုပ်ငန်းပေါင်း (၇၄၁)ခုရှိပြီး လုပ်ငန်းပြီးစီးမှု ၆၆ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အနေဖြင့် ခွင့်ပြုငွေ ၁၆၄ ဒသမ ၁ ဘီလီယံ၊ လုပ်ငန်း ၁၇၆၁ ခုရှိပြီး တစ်ချို့ဌာနများအနေဖြင့် လုပ်ငန်းအကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်းသည် ကောင်းမွန်ပြီး တစ်ချို့ဌာနများအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်း နည်းပါးသည် ကို စိစစ်တွေ့ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးကောင်း မွန်မှုရှိစေရန် ဂရုပြုစေလိုကြောင်း၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှလည်း လိုအပ်သည့် ညွှန်ကြားချက်များအား ထုတ်ပြန်ပြီးဖြစ်ပါကြောင်းနှင့် ဌာနများအနေဖြင့်လည်း လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်သည့်အခါ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်းအမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီး မှုနှင့်လုပ်ငန်းဆောင်ရွက်ရာ တွင်တွေ့ကြုံရသည့်အားနည်းချက် အားသာချက်များကို ဆွေးနွေးတင်ပြ ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်း ရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်းသိရသည်။
တင်ထွန်း