ဂွမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်

ဂွ ဇွန် ၂၂

 

ရခိုင်ပြည်နယ်၊ ဂွမြို့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန နှင့်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နေ့လည်(၁)နာရီအချိန်တွင်လူစည်ကားရာ နေရာများသို့ သွားရောက်ကာလှည့်လည် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့အသိပေးနှိုးဆော် ဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေး၊ ပြန့်ပွားမှုမရှိ စေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုသွားလာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Masks၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန် ၊လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သတ် သည့် ထုတ်ပြန်ချက်များ အားလိုက်နာ၍အချင်းချင်း အသိပေးခြင်း သတိပေးခြင်းများဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်း