အမ်း - ဇွန် ၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံများဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့နယ်ကြီးကြပ်ရေးကော်မတီမှ ဇွန်လ (၂၂)ရက် နံနက်(၉)နာရီ အချိန်က ဗွီဒီယိုရုံများဆိုင်ရာ ကာရာအိုကေရုံများ သို့သွားရောက် စစ်ဆေးကြောင်းသိရှိရသည်။
အဆိုပါဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံများဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်ဝင်းအိမွန်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ကိုင်သူသည် ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံလိုင်စင်လျှောက် ထားချက်များကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံများ တည်ရှိနေရာသည် ပတ်ဝန်းကျင် ဒေသနှင့် သင့်လျော်ခြင်းရှိ/မရှိ၊ အဆောက်အဦ အမျိုးအစားနှင့် အကျယ်အဝန်းသည် ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုပြသရန် သင့်လျော်သည့်အနေအထားရှိ/မရှိ၊ သေသပ်ခိုင်ခန့်မှု သန့်ရှင်းသပ်ရပ်မှုအခင်း အကျင်းကောင်းမွန်မှုရှိ/မရှိ၊ အရေးပေါ်အခြေအနေပေါ် ပေါက်ပါက ရုံပြင်ပသို့အလွယ်တကူ ထွက်နိုင် သည့်အခြေအနေရှိ/မရှိ၊ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်း စေရေးနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုရှိ/မရှိ တိကျစွာလိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန် ဗွီဒီယိုရုံများဆိုင်ရာ ကာရာအိုကေ(၄)ရုံ သို့သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံများ လုပ်ကိုင်သူသည် စည်းမျဉ်း စည်းကမ်း တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် ပျက်ကွက်ကြောင်း တွေ့ရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်းသိရှိရသည်။
စိုးမင်းထွန်း