မိုးညို ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထရှိစေရန်နှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ကျွမ်းကျင်မှုရှိရေး၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်း ကျင်းပခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါက်တာ မတင်ဝင်း (ပညာရေး တက္ကသိုလ်)ရေးသားသည့် စကားနှင်းပွင့်များ စာအုပ်မှ အလုပ်လုပ်သည့်အခါ မိမိရဲ့အလုပ်အပေါ် စိတ်ဝင်စားမှုရှိအောင်လုပ်ဖို့၊ အလုပ်လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး မိမိလုပ်ချင်တဲ့အလုပ်ကို ကြိုးစား အားထည့်ပြီး လုပ်ဆောင်ရန် စသည့် အောင်မြင်ချင်လျှင် အားသွင်းပြီးလုပ်ပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်အေးအေးဟန်က ကြိုးစားမှုနဲ့အနိုင်ယူပါစသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားပြီး ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။